လေ့ကျင့်ခန်းလုပ်ပြီးချိန် ခြေကုန်လက်ပမ်းမကျခင်ရင် ဒါတွေစားပါ
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်က စွမ်းအင်တွေကို အတော်လေး အသုံးပြုရသလို ကြွက်သားတွေကိုလည်း အတော်လေး အသုံးပြရပါတယ်။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရတာပါ။ အထူးသဖြင့်တော့ အခုလိုနွေရာသီ ကာလမှာပါ။ ဒီတော့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်ဖို့ ဘာတွေ စားပေးရမလဲဆိုတာက မျှဝေပေးလိုက်ပါတယ်။
လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့အတွက် ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ၊ ကစီဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ၊ ရေဓာတ်ဖြည့်ပေးတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဒီလို စားပေးတာက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပြီး လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာခြေကုန်လက်ပမ်းကျတာကို သက်သာစေမှာပါ။
- ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ
နို့ကနေရတဲ့ ပရိုတင်း၊ အဆီမပါတဲ့ အသားကနေရတဲ့ ပရိုတင်းစတာတွေက ကြွက်သားတက်စေနိုင်သလို လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါတွေအပြင် ဒိန်ချဉ်၊ ချိစ်စတာတွေကိုလည်း စားပေးလို့ ရပါတယ်။ ပဲနို့သောက်ပေးလို့လည်းရပါတယ်။
- ဥအမျိုးမျိုး
ကြက်ဥ ဘဲဥ ငုံးဥ စတာတွေကလည်း ကြွက်သားတက်စေဖို့ ထောက်ကူပေးပါတယ်။ အနှစ်တွေကလည်း ကြွက်သားတွေ သန်မာစေဖို့ ထိထိရာက်ရောက် ထောက်ကူပေးပါတယ်။ သက်လုံကောင်းစေပြီး လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ အကာကလည်း ပရိုတင်းပြည့်ဝစေပြီး ကြွက်သားတွေကို အားဖြည့်ပေးနိုင်မှာပါ။
- ကစီဓာတ်
ကစီဓာတ် ကြွယ်ဝတာက လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားသန်မာစေဖို့ရော သက်လုံကောင်းစေဖို့ပါ အားဖြည့်ပေးသလို လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်ပါတယ်။
ကန်စွန်းဥ၊ အုတ်ဂျုံ၊ အာလူးစတာတွေကို စားပေးလို့ ရပါတယ်။ အမျှင်ဓာတ် ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။
- သောက်ရေ
လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေများများ သောက်ပါ။ ဒီလို သောက်ပေးတာက လေ့ကျင့်ခန်း လုပ်တာကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်သလို ခြေကုန်လက်ပမ်း ကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေဝဝလေး သောက်ပါ။
- အခွံမာသီး
အခွံမာသီးတွေက ပရိုတင်းကြွယ်ဝပြီး ကြွက်သားတက်စေဖို့ရော လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာ သက်သာစေဖို့ပါ ထောက်ကူပေးပါတယ်။ ဒါကြောင့် အခွံမာသီးတွေ ဖြစ်ကြတဲ့ အယ်လ်မွန် ၊သီဟိုဠ်စေ့၊ ထင်းရှူးစေ့စတာတွေကို စာပေးလို့ ရပါတယ်။
- ဖရဲသီး
ဖရဲသီးက ရေဓာတ်ပြည့်ဝပြီး လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ စားပးမယ်ဆိုရင် ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။
လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာချင်တယ်ဆိုရင် ဒါလေးတွေကို စားပေးပါလို အကြံပြုလိုက်ပါရစေ။
မွန်မွန်